Myan U အွန်လိုင်းမှ လေ့လာသင်ယူမှုသည် လူတိုင်းအတွက် အလွယ်တကူ အကျိုးရှိရှိ လေ့လာသင်ကြားနိုင်သည့် Online Learning Application တစ်ခုဖြစ်ပြီး၊ အင်တာနက်ရရှိသည့် မည်သည့်ကွန်ပျူတာ (သို့မဟုတ်) စမတ်ဖုန်းနှင့်မဆို အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ ထို့အပြင် မိမိသင်ယူလိုသော သင်ခန်းစာများ၏ ဗွီဒီယိုဖိုင်များကြည့်ရှုခြင်း၊ သင်ရိုးညွှန်းစာအုပ်များကို Download လုပ်ခြင်းဖြင့်၊ လိုအပ်သည့်အချိန်တွင် လိုအပ်သလို အကျိုးရှိစွာ ပြန်လည် လေ့လာနိုင်မည် ဖြစ်ပါတယ်။
MyanU Online Learning Platform ကို အိုင်တီ၊ မီဒီယာနှင့် ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်များတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Information Matrix Co.,Ltd မှ ၂၀၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။
ကောင်းမွန်သည့် အနာဂါတ်တစ်ခုတည်ဆောက်ပေးနိုင်ပြီး၊ လုပ်ငန်းခွင်အတွက် စွမ်းဆောင်ရည် မြင့်မား လာစေမည့် ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုဆိုင်ရာသင်တန်းများ၊ အဘိဓမ္မာ သင်တန်းများ (မြတ်ဗုဒ္ဓ၏သာလွန်မြင့်မြတ်သောတရား) စသည့် ဘာသာရပ်များကို MyanU (www.myanuonline.com) ပေါ်တွင် ကျွမ်းကျင်ဝါရင့် ဆရာ၊ဆရာမများမှ နားလည်ရလွယ်ကူသော ပုံစံများဖြင့် သင်ခန်းစာ ပို့ချချက်များအား မြန်မာလိုသင်ကြားပို့ချထားသည့် ဗွီဒီယိုဖိုင်များ၊ Presentation ဖိုင် များ၊ Word/PDF ဖိုင်များဖြင့် တစ်နေရာတည်းတွင် လေ့လာသင်ကြားနိုင်မည် ဖြစ်ပါသည်။
MyanU နှင့်လက်တွဲ၍ အွန်လိုင်းသင်တန်းကျောင်း ဖွင့်လှစ်လိုသော ကျွမ်းကျင်ဝါရင့် ဆရာ၊ဆရာမများ၊ သင်တန်းကျောင်းများမှလည်း သက်ဆိုင်ရာဘာသာရပ်ကဏ္ဍအလိုက် ကိုယ်ပိုင်စာမျက်နှာ (Instructor Account) များဖွင့်လှစ်ကာ အွန်လိုင်းမှနေ၍ တတ်သိပညာများ သင်ကြားနိုင်သော သင်တန်းကျောင်းတစ်ခု အနေ ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။