Address & Contact

ကျွန်တော်များ iSure Technology Co., Ltd ကို 2016 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Apple Devices များ ရောင်းချခြင်းနှင့် ပြုပြင်ပေးခြင်းလုပ်ငန်းဖြင့် Apple User များကြားတွင် လူသိများလာသည့် Retail နှင့် Online Companyတစ်ခု ဖြစ်လာပါသည်။ ကောင်းမွန်သော ဝန်ဆောင်မူ့အပြင် Full Range Apple Productများကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ခြင်းနှင့် ပြုပြင်နိုင်ခြင်း (One Stop Sales and Service Center) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အားရဖွယ်ကောင်းသည့် Business Growth နှစ်စဥ်ရရှိခဲ့သည့်အတွက် ယခု 2021 တွင် Retail နှင့် Online လုပ်ငန်းတင်မက Distributionလုပ်ငန်းကိုပါ Business Expansion စတင်ဆောင်ရွက်နေပါပြီ။

ယခု အသစ် Business Expansion ၏ Strategyမှာ iSure Technology Co. Ltd ကို Business Units (၃) ခု ဖြင့် Marketကို ထိုးဖောက်နေပါသည်။ Business Units (၃) ခု မှာ – iSure, SureFixနှင့် SureBusiness များ ဖြစ်ပါသည်။

iSure ၏ အားသာချက်သည် Full range Apple products များကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်သည့်အပြင် ခေတ်မှီပြီး စုံလင်သည့် Accessories brands များကိုလဲ ဝယ်ယူနိုင်သည့်နေရာ ဖြစ်ပါသည်။

SureFix သည် တစ်နေရာတည်းတွင် Apple Products များအားလုံးကို Original Spare Partsများ အသုံးပြုပြီး အာမခံကာလ ၆ လဖြင့် ပြုပြင်နိုင်ပါသည်။ စတင်တည်ထောင်သည့် 2016 မှစ၍ ယခု 2021 အထိ iSure နှင့် SureFix ဆိုင်ခွဲပေါင်း လေးဆိုင်ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။