Easy Pay သည် (၂၀၁၂) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး IT နှင့် နည်းပညာနယ်ပယ်တွင်လည်း (၁၅) နှစ်ကျော် အတွေ့အကြုံရှိသော လုပ်ငန်းရှင်များ၊ ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် ငွေပေးချေမှု နယ်ပယ် တွင်လည်း (၆) နှစ်ကျော်အတွေ့အကြုံ ရှိခဲ့ပြီးသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ Easy Pay သည် ဘဏ်များသို့သွားရန်မလိုဘဲ ငွေကြေးလွှဲပြောင်းခြင်းလုပ်ငန်းများ၊ ငွေကြေးထုတ်ယူခြင်း၊ ငွေပေးချေခြင်း လုပ်ငန်းများကို နီးစပ်ရာ Agent များထံတွင် သော်လည်းကောင်း ၊သင့်မိုဘိုင်းဖုန်းရှိ Easy Pay အကောင့်တို့မှတဆင့် လုံခြုံလွယ်ကူ လျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ မိုဘိုင်းလ်ဖုန်းရှိရုံဖြင့် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ငွေပေးချေခြင်း၊ ဖုန်းပြောခငွေဖြည့်သွင်းခြင်း၊ လျှပ်စစ်မီတာဘီလ် ပေးဆောင်ခြင်း၊ ပင်စင်လစာထုတ်ယူခြင်း လုပ်ငန်းများကို Easy Pay မိုဘိုင်းလ် App, SMS ,USSD စသည့် Channel တစ်ခုခုကို အသုံးပြုပြီး လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းတစ်ခုဖြစ်သည်။
Loading…